လားရှိုးမြို့ အ.ထ.က(၂)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာစရိယပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာစရိယပူဇော်ပွဲကို ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့ ရိုးမဘဏ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ရိုးမဘဏ်၌ ဘဏ်ဝန်ထမ်းများနှင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက် ၁၀ နာရီက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။ 

တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်(၉၆)ကျောင်းအတွက် ဆွမ်းဆန်စိမ်းလောင်းလှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၉၆ ကျောင်းအတွက် တာချီလိတ်တပ်နယ်၊ မြို့မိမြို့ဖများ၊ ရွှေတိဂုံဂေါပက ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည့်သူ့စစ်အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆန်ဆိုင်း (က) ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပသည်။

ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ကော်မရှင်ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပပြုလုပ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဆိပ်ကြီးခနောင်တို မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင််ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှ အထယုအုပ်စုကျအဖွဲ့(၂)မှ ဘိုးဒေါနကုန်းဘုန်းကြီးကျောင်းတိုက် အဖွဲ့(၃)မှ ညောင်နှစ်ပင်ဘုန်းတော်ကြီးကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဝိဟာရဗဟိုရ်ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်မှ (၁၂:၀၀)အချိန်ထိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား MEVMမဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ် ခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်စု ၁၅ အုပ်စုမှ စပါး၊ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူများ၊ စိုက်ပျိုး‌‌ ရေးဆေးအရောင်းကိုယ်စားလှယ်များ၊ ရပ်‌ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြသည်။
Subscribe to