တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်(၉၆)ကျောင်းအတွက် ဆွမ်းဆန်စိမ်းလောင်းလှူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၉၆ ကျောင်းအတွက် တာချီလိတ်တပ်နယ်၊ မြို့မိမြို့ဖများ၊ ရွှေတိဂုံဂေါပက ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည့်သူ့စစ်အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆန်ဆိုင်း (က) ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပသည်။