အစိုးရသစ်ရက်(၁၀၀)စီမံချက် အရထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများစာရင်း ဆိုင်းဘုတ်စိုက်ထူပွဲအခမ်း အနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အစိုးရသစ်ရက်(၁၀၀) စီမံချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် ပြစ်မှုကျူးလွန် ၍ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံ များစာရင်း ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီကလပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဩဘာ လမ်းဆုံ (လပွတ္တာ-မြောင်းမြသွားကားလမ်း)၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်းနှင့်နိဗ္ဗာန် လမ်းထောင့်၊ အမှတ်(၅)ရပ်ကွက်လမ်းမ တော်လမ်းနှင့်ကမ်းနား လမ်းထောင့် (ဧရာဝတီ ဆိပ်ခံတံတားအနီး)တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။