ပွင့်ဖြူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ  မေ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာ မြေငှားဂရန် ချထားပေးနိုင်ရေးအတွက် မေ ၅ ရက်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ကိုင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ရှမ်းတောကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများကိုတွေ့ဆုံကာ ပြည်သူ့အစိုးရသစ် လက်ထက် ရက်(၁၀၀)စီမံချက်ကာလအတွင်း ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ကျေးရွာမြေငှား ဂရန်ထုတ်ပေးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက ရှမ်းတောကျေးရွာ၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် နေအိမ်များ လမ်းနယ်နိမိတ်နှင့် လွတ်ကင်းမှု ရှိ/မရှိ အခြေ‌အ‌နေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)