ဟင်္သာတ ဇွန် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ Drum Seeder ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးဦးက ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တွင် သမဝါယလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက လယ်ယာသုံးစက်ကိရိယာ ဝယ်ယူခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ဒုတိယ၀န်ကြီး ဦးမြင့်စိုးက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်က အမှာစကားပြောကြားပြီးနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှအသင်းသားတောင်သူများသို့ အထွက်တိုး မျိုး၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာ Drum Seeder များ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် အသင်းသားတောင်သူများ၏ ဆွေးနွေးတင်ပြမှုအပေါ် တာဝန်ရှိသူများက ပြန်လည်၍ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီးနောက် ဒုတိယ၀န်ကြီး ဦးမြင့်စိုးက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမြင့်စိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးဦး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ သမဝါယမအသင်းများမှအမှုဆောင်များ၊ အသင်းသားတောင်သူများ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)