ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေး သရုပ်ပြသခြင်းဆောင်ရွက်

ဒဂုံအရှေ့ ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိပတ်ဝန်းကျင်၊ ရုံးနှင့်ကျောင်းများ၌ အမှိုက်များကိုစနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးသရုပ်ပြသခြင်းကို ဇွန်လ ၂၀ ရက်နေ့ နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက စွန့်ပစ်ပစ္စည်းများကိုလေးမျိုးခွဲခြား၍ အမှိုက်စိုကိုအစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်ကို အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်ကိုအပြာရောင်အမှိုက်ပုံးနှင့် ဘေးအန္တရာယ်ရှိအမှိုက်ကို အနီရောင်အမှိုက်ပုံးများ၌ စနစ်တကျစွန့်ပစ်နိုင်ရေးအသိပညာပေး သရုပ်ပြသ‌ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)