ပဲခူး ဇွန် ၂၂
ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ(၂၁)ရက်နေ့တွင်ကျရောက်သည့် "အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့" အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၄၀/၅)နှင့် (၄၀/၆)ကြား လမ်းညာဘက်ဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပျဥ်ပုံကြီးတပ်နယ်မှ ဗိုလ်မှူးသက်မောင်ဦး ဦးဆောင်သည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပဲခူးခရိုင်သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဘောနတ်ကြီး အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက်ကြပြီး ပဲခူးခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်နှင့် ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ထွန်းတို့က တက်ရောက်လာသည့် တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများထံသို့ ပျိုးပင်များကိုဖြန့်ဝေပေးပြီး လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအနေဖြင့်အရိပ်ရ၍ အပွင့်ပွင့်သည့် ခရေ၊ ကံ့ကော်၊ ငုရွှေဝါ၊ ပန်းပိတောက်၊ ပျဥ်းမ၊ စိန်ပန်းကြီးနှင့် သစ်မျိုးများအပါအဝင် သစ်မျိုး(၁၈)မျိုး၊ သစ်ပင်ပေါင်း(၁၅၂၀)ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)
၀၉၄၂၈၁၂၀၆၁၈