လသာမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာ​ပေး​သရုပ်ပြ​​ဆွေး​နွေး

လသာ ဇွန် ၂၂

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှု အသိပညာ​ပေး​သရုပ်ပြသ​ဆွေး​နွေးခြင်းကို ယ​နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်စျေးများ၌ ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌ ဦးရန်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်​ရေးမှူးတို့ ဦး​ဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွား​ရောက်၍  အမှိုက်စို(Wet waste)၊ အမှိုက်​ခြောက်(Dry  waste)၊ ပလပ်စတစ်အမှိုက်((Plastic waste)နှင့် အန္တရာယ်ရှိအမှိုက်( Hazardous waste)ဟူ၍ (၄)မျိုး ခွဲခြားထားပြီး အမှိုက်များကိုစနစ်တကျခွဲခြားစွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးများအား အ​ရောင်(၄)မျိူးခွဲခြားထားရှိပုံတို့ကို  သရုပ်ပြ​ဆွေး​နွေး​ပြောကြားပြီး လက်​တွေ့ဆောင်ရွက်ခဲ့ကြ​ကြောင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာသိ​ကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်​ဝေ​ပေးခဲ့ကြသည်။

အဆိုပါအမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာ​ပေးသရုပ်ပြ​ဆွေး​နွေးရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က​လေးစောင့်​ရှောက်​ရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများတက်​ရောက်ခဲ့ကြောင်းနှင့် ပြည်သူများထံသို့ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်​ရေး သရုပ်ပြ​ဆွေး​နွေးခြင်းများ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

နန်းသဲနု​အောင်(ပြန်/ဆက်)