ဒလ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက သင့်(၄) သင့်၊ မြန်(၄) မြန်စနစ်ဖြင့် ကြိုတင်ပြင်ဆင်ထားရှိပြီး တာဝန်ရှိများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)