ကျိုင်းလပ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားသို့သွားသည့် ချဉ်းကပ်လမ်းဘေး ဝဲ/ယာတွင် ယနေ့နံနက် ၈ နာရီက မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုအား ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ကြောင်း သိရသည်။

စေတုတ္တရာ မြို့နယ်(Community Centre) ခန်းမတွင်  စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်​၊ စေတုတ္တရာမြို့နယ် (Community Centre)ခန်းမတွင် စာပေဝါသနာရှင်လူငယ်များမှ စာရေးဆရာ‌ချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့် အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့​သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်မြို့အခြေစိုက် နီပေါသံရုံးမှ သံအမတ်ကြီး H.E Mr. Harishchandra Ghimire အား ဇွန်လ (၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယမန်နေ့နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) အသိပညာပေးနံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူစာကြည့်တိုက်တွင် ယနေ့နံနက်(၉)အချိန်က ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်(အကြို) အသိပညာပေး နံရံကပ်စာစောင် ပြသခဲ့သည်။

ပခုက္ကူမြို့၌ သွားတိုက်ဆေးအတု‌ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သွားတိုက်ဆေးအတုရောင်းချမှုရှိ/မရှိအခြေအနေကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့)စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့) စောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်(၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်မှ ညနေ(၄:၀၀)အချိန်ထိ အခမဲ့ ဆေးကုသပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉:၃၀)အချိန်တွင်လည်း(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်နိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်‌နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် ရွှေဘုံသာရပ်ရှိ Country Hotel ၌ ကျင်းပသည်။

နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Subscribe to