ချမ်းအေးသာစံ ဇွန် ၂၅
မန္တလေးမြို့တော်ကြီးအား သန့်ရှင်းသာယာလှပသော မြို့တော်၊ စိမ်းလန်းစိုပြည်သောမြို့တော်ဖြစ်ရေးအတွက် ပြည်သူလူထုက ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းမှ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများတွင် အထောက်အကူပြုသည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ် အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ် အမှိုက်ပုံးများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းမှုတွင် မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကျပ် (၁၉၂) သိန်း တန်ဖိုးရှိ ၁၂၀ လီတာဆံ့ (အမှိုက်ခြောက်- အဝါရောင်ပုံး)၊ (အမှိုက်စို-အစိမ်း ရောင်ပုံး)၊ (ဘေးအန္တရာယ်ရှိအမှိုက် - အနီရောင်ပုံး)၊ (ပလတ်စတစ် အမှိုက်-အပြာရောင်ပုံး) အစုံ (၃၀) (၁၂၀ လုံး) ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်