လယ်ဝေး ဇွန် ၂၅
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ခုတင်-၁၀၀ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့် တာဝန်ရှိသူများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သမိုင်းဝင်ဖောင်တော်ချက်မဘုရားကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က စေတီတော်ပြုပြင်ရာတွင် ထွက်ရှိလာမည့် ဌာပနာပစ္စည်းများအား မူလပိုင်ရှင်များ လှူဒါန်းခဲ့သည့်အတိုင်း ဆက်လက်ထားရှိ လှူဒါန်းနိုင်ရေးအလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)