ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ကဝ ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် သံဒင်းကျေးရွာအတွင်းမှ တောင်သူ (၁၈၆)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၁၃၀၆)ဧကအတွက် စုစုပေါင်းငွေကျပ် (၁၉၅၉၀၀၀၀၀) ကို  ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည်ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)