နတ်မောက် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “ လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ဆီသို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က လူငယ်များအနေ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေန်၊ နှုတ်မှုစွမ်းရည်တိုးတက်ပြီး အချင်းချင်းပြန်လည် ဆွေးနွေးတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလောင်စုံရေးသားသည့် “လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများကလည်း မိမိတို့၏ အတွေးအမြင်အသိများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ၌ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။
မူမူစန်း