ရေဦး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ အသက် အဘွားနှင့်မွေးရာပါမသန်စွမ်းသူတို့အား ထောက်ပံ့ငွေ၊ ကြက်ဥနှင့်အဟာရဖြစ်မုန့်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်ဦးဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ လိုက်ပါလျှက် ဗိုလ်အောင်ဇေယျရပ်ကွက် နေအသက်(၁၀၁)နှစ်ရှိအဖွား ဒေါ်ရှင်နှင့် မွေးရာပါခြေတစ်ဘက်မသန်စွမ်းသူ ဒေါ်ညွန့်ညွန့်၀င်း နေအိမ်သို့သွားရောက်၍ ထောက်ပံ့ငွေကျပ်တစ်သောင်းနှုန်း ကြက်ဥနှင့်အာဟာရဖြစ်မုန့်မျိုးစုံကို ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မကျီးတောကျေးရွာအခြေခံပညာမူလတန်းကျောင်း KG -တန်းကလေးငယ် ၃၅ ဦးတို့အား အချိုရည်နှင့်မုန့်များလည်း ကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။
သန်းသန်း(ပြန်/ဆက်)