လပွတ္တာမြို့နယ်တွင် မျိုးစေ့ချစက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း အခမ်းအနားကျင်းပ

လပွတ္တာ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် မြွေဟောက်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မျိုးစေ့ချစက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ် မြွေဟောက်ကျေးရွာအုပ်စုရှိ တောင်သူဦးမန်းဖြူ၏ လယ်မြေတွင် ရေဆင်းပေါ်ဆန်း(၂)မျိုးစပါး ပျိုးဘမ်းဖြင့် ပျိုးထောင်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူလယ်သမားများက လာရောက်ကြည့်ရှုအားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများဆောင်ရွက်သော မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် ဆင်းသုခစပါးမျိုး စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ စက်မှုလယ်ယာဦးစီဌာနမှ ဆယ်တန်းသွားမျိုးစေ့ချစက်ဖြင့် ဆင်းသုခစပါးမျိုး မျိုးစေ့ချခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးစေ့ချကိရိယာ (Drum Seeder)ကို အသုံးပြု၍ စိုက်ပျိုးခြင်းကြောင့် မျိုးစေ့နှုန်းထားသက်သာခြင်း၊ လုပ်သားသက်သာခြင်း၊ ပေါင်းရှင်းရလွယ်ကူခြင်း၊ သွင်းအားစုထည့်သွင်းရာတွင် လွယ်ကူခြင်း၊ အထွက်နှုန်းပိုမိုရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)