မြို့သစ် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အဘိုး၊ အဘွား ၃၇ ဦးအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သည့် ဆေးကုသမှုနှင့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဘိုးဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဉ် “ဗုဒ္ဓဟူး” နေ့တိုင်း ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက် )