လပွတ္တာ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ထွန်းတံတား၌ ရွေးမြစ်အတွင်း သွားလာပြေးဆွဲနေသော ခရီးသည်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့ညနေ ၃ နာရီအချိန်က မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
ထိုအခမ်းအနားကျင်းပပြုလုပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိူးမြင့်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးစိမ်းကိုကိုနှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းသားများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ရွေးမြစ်အတွင်းသားလာပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားလာပါက အရေးပေါ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကုသရေးနည်းလမ်းများကို လက်တွေ့သရုပ်ပြသလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသသင်းအဖွဲ့များက တက်ရောက်ချီးမြှင့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)