နတ်မောက် မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နတ်မောက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Sodium Cyclamate သတ်မှတ်ပမာဏထက်ကျော်လွန်သည့် မောင်ကျန်တစ်တို့ ရှောက်ချိုမွှေး၊ ဇော်ဂျီဆေးမန်ကျည်းနှင့်  မောင်ကျန်တစ်တို့ သစ်သီးယိုစုံအတို့မှုန့်နှင့် Signal အမှတ်တံဆိပ်သွားတိုက်ဆေးအတုများ  မြို့မဈေးအတွင်း ကုန်စုံဆိုင်များ ရောင်းချခြင်း ရှိ/မရှိ အစားအသောက်နမူနာအား ဈေးကွက်လက်ကျန် မရှိစေရေးတို့ကို မြို့နယ်ရှိသက်ဆိုင်ရာ ဌာနဆိုင်ရာများက စိစစ်ကြပ်မတ်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှဝင်း