မြို့သစ် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer – JN.1) စုပေါင်းထိုးနှံပွဲကို ဇွန်လ ၂၃ ရက် နံနက်ပိုင်းကစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက အသက်(၁၈) နှစ်အထက် ကျန်းမာရေးကောင်းသူများအပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ ထိုးနှံဆောင်ရွက်ဖူးခြင်းမရှိသူများ၊ အခြားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအမျိုးအစားအလိုက် ယခင်က ထိုးနှံခဲ့ဖူးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များဖြစ်ပါက ကိုယ်ဝန်(၄)လနှင့် အထက်ရှိသူများ၊ နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါများဖြစ်သည့် (ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း) အစရှိသည့် ရောဂါဝေဒနာရှင်များလည်း လာရောက်ထိုးနှံနိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)