ညောင်တုန်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွက်များ၌ ကျင်းပသည်။
ထိုသို့ စပါးမျိုးစေ့ချကွင်းသရုပ်ပြခြင်းကို ဆားမလောက်ကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာရှိ တောင်သူဦးကျော်ဇောလင်း၏ လယ်မြေ(၃)ဧကနှင့် ဇီးဖြူကျွန်းကျေးရွာရှိ တောင်သူဦးမျိုးလွင်၏ လယ်မြေ(၃)ဧကတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး မိုးစပါးကြဲခင်းစနစ် ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးမျိုးစေ့ချ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)