မိုင်းဆတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် “ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်” ခေါင်းစဉ်ဖြင့် ဆောင်းပါးတို၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာမှ “တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်း ဝယ်မှုကို တားဆီးနှိမ်နှင်း” ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ မဟာဗျူဟာ(၂)ရပ်၊ မဟာဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မောင်ကျေးဇူး၏ “အဆိပ်ပန်း” ကဗျာနှစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ကာတွန်း၊ ဆောင်ပုဒ်များဖြင့် မူးယစ်ဆေးဝါးရှောင်ကျဉ်ဖွယ် အသိပညာပေးအကြောင်းအရာများကို ဝေဝေဆာဆာထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)