ခန္တီး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့တွင်းရှိ ရေထုတ်မြောင်းများအား ပိတ်ဆို့မှုမရှိစေရေး၊ ပိတ်ဆို့နေသည့်နေရာများအား ပြန်လည်တူးဖော်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းတွင် မြို့အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ခန္တီးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်အချို့တွင် မိုးရေများဝင်ရောက်လျက်ရှိရာ မြို့အတွင်းရေစီးရေလာကောင်းမွန်စေရေးနှင့် ပိတ်ဆို့နေသည့် ရေထုတ်မြောင်းများအား ပြန်လည်တူးဖော်နိုင်ရန်အတွက် လိုက်လံစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)