ရွှေတောင်မြို့နယ်တွင် တော်ဝင်နဂါးကုမ္ပဏီလီမီတက် အထူးကုနယ်လှည့်အဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ(၂၅ - ၆ - ၂၀၂၅) ရက်နေ့မှ( ၂၁ - ၆ - ၂၀၂၅) ရက်နေ့ထိရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံ၊ သဘာဝဓာတ်ငွေ့စက်ရုံ၊ ပြည်တောင်တန်းရေနံမြေနှင့် မြို့ပေါ်ရပ်ကွက်များရှိ အာမခံအလုပ်သမားများကို ရွှေမျက်မှန်ဘုရားဓမ္မာရုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီးက ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာခိုင်ဆွေဆွေညွန့် ဦးဆောင်သော ဆရာဝန်ကြီးနှင့် ဆေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ဇီးကုန်းမြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ မြို့နယ်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်၁၁နာရီက ကျင်းပသည်။

ဓနုဖြူမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခွန်ပညာရှင်လင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် နွေစပါး(အောင်နိုင်တိုး)များအား အထွက်နှုန်းမှတ်တမ်း တင်နိုင်ရန် ၀ ဒသမ ၁၀ ဧက စံကွက်ရိတ်သိမ်းခြင်းကွင်းပြပွဲကို ဇွန် ၂၅ ရက်နံနက် ၁၀ နာရီက ကန့်ဘလူမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ ကွင်းအမှတ် ၅၉၂၊ ဦးပိုင်အမှတ် ၁၂၆ တောင်သူ ဦးဟန်ဝင်းဘို၏ အောင်နိုင်တိုးနွေးစပါးစိုက်ကွင်းတွင် ကျင်းပသည်။

မင်္ဂလာဒုံမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှု ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ရွှေဘိုမြို့၌ (၃၈)ကြိမ်​မြာက် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၃၈)ကြိမ်​မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်​ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယ​နေ့နံနက် ၇:၃၀ က အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်စစ်ရေးပြကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။​

ငပုတောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ငပုတောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ငပုတော ဇွန် ၂၆ မြို့နယ်(ပြန်/ဆက်)
Subscribe to