မြဝတီ ဇွန် ၂၆
ကရင်ပြည်နယ် မြဝတီမြို့နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်၁၁နာရီက ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးသီဟနိုင်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးကိုရှေးရှုသော လုပ်ငန်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေများကို တိုးမြှင့်အားပေးဆောင်ရွက်သွားစေရန်၊ အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေး၍ အရေးပေါ်အခြေအနေတိုင်းတွင် ၎င်းတို့၏ရပိုင်ခွင့်ဖြစ်သော ကာကွယ်စောင့်ရှောက်မှုရရှိရန်၊ သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခအန္တရာယ်လျှော့ချခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်