ရွှေဘိုမြို့၌ (၃၈)ကြိမ်​မြာက် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ

ရွှေဘို ဇွန်  ၂၆

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၃၈)ကြိမ်​မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်​ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယ​နေ့နံနက် ၇:၃၀ က အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်စစ်ရေးပြကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။​

​ရှေးဦးစွာ ​ရွှေဘိုခရိုင် မူးယစ်​ဆေးဝါးနှင့် စိတ်ကို​ပြောင်းလဲ​စေ​သော​ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌သောင်းတင်ထွေးက ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း‌နောင်ထံမှပေးပို့သည့် သဝဏ်လွှာအာဖတ်ကြားခဲ့ပြီး အတွင်း​ရေးမှူး ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးရမိမူးယစ်​ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ အသိပညာပေး Video Clip အားပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော “၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်” သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့​နောက် ၂၀၂၄-၂၀၂၅ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်​ဆေးပြား ၄၄၄၆ ပြား၊ ခန့်မှန်းကာလ တန်ဖိုးကျပ်(၁၃၃၄၁၀၀၀)(ကျပ်တစ်ရာ့သုံးဆယ့်သုံးသိန်းလေးသောင်း တစ်ထောင်)ကို ရွှေဘိုခရိုင် မူးယစ်​ဆေးဝါးနှင့် စိတ်ကို​ပြောင်းလဲ​စေ​သော​ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တက်​ရောက်လာသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်​ဆေးဝါးများအား စမ်းသပ်ကြည့်ရှုစစ်​ဆေးပြီး သတ်မှတ်​နေရာများမှ မူးယစ်​ဆေးဝါးများကို မီးရှို့ဖျက်စီးခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)