မင်္ဂလာဒုံမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှု ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးညီညီထွန်း ဦးဆောင်၍ ဒုတိယဦးစီးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသော ဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း