ဓနုဖြူ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာရှင်လင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းပက အခွန်ဆိုင်ရာ တည်ဆဲ ဥပဒေများ၊ အခွန်အမျိုးအစားများ၊ ပြေစာများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရပြေစာ အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ လိုက်နာဆောင်ရွက်ရန် သိကောင်းစရာများ၊ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးခင်ဇော်မြင့်နှင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်