ကရင်ပြည်နယ်၌ ငါးလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့

ကရင်ပြည်နယ်အတွင်း နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာနယ်မြေ အလိုက် စီမံချက်များရေးဆွဲ၍ နေ့စဉ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန် ၂၆ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် (၃၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရသည်။

ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖမ်းဆီးရမိသည့် မူးယစ်‌ဆေး၀ါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(‌အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဟွေအောကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ် "အကြို" အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

မအူပင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်ဗီနိုင်းပိုစတာပြသ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre) ခန်းမ၌ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်ဗီနိုင်းပိုစတာများပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုများကို ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင် ဖြားယောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲကို ယနေ့ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ကြံခင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (သတင်းစကား) လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အ​ခြေခံပညာ ကျောင်းများနှင့် လူစည်းကားရာနေရာများ၌ အစောင်ရေ ၂၀၀ ကျော် ခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ယနေ့ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကန့်ဘလူမြို့ အ.ထ.က(၁)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးလက်တွေ့သရုပ်ပြလေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းးမ၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ငလျင်ဘေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ခြောက်ထောင်ခုနှစ်ရာခုနှစ်ဆယ့်သုံးဦးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆) ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
Subscribe to