နတ်မောက်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို စစ်ဆေးလက်ခံခြင်း ဆောင်ရွက်

နတ်မောက် ဇွန် ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီမှစစ်ဆေး လက်ခံခြင်းကို ယမန်နေ့နံနက်(၁၁) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် ကတ္တရာလမ်းလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် Treasure Winner Land Trading Co.LTD မှ ပေးပို့လာသည့် ကတ္တရာ(၂.၃)တန် ၊ (၁၂၈)လုံးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီကစစ်ဆေးလက်ခံခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)