ဝါးခယ်မမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာများ အသိပညာ‌ပေးဆွေးနွေး

ဝါးခယ်မ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သော အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ပြလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နှင်းနှင်းဆွေက အခွန်ဆိုင်ရာ တည်ဆဲဥပဒေများ၊ အခွန်အမျိုးအစားနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများနှင့် တည်ဆဲအခွန်ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်း‌ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ တည်းခိုခန်း၊ ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

လွှမ်းသီဟ