နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုုလုပ်

နတ်မောက် ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုုလုပ်ခဲ့သည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ယနေ့ခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကလေးသူငယ်များ အလုပ်ခိုင်းစေခြင်းခံရသည့် ဥပမာများနှင့် ကျောင်းသား/သူများအနေဖြင့် အသက်အရွယ်မပြည့်သေးသည့် ကာလတွ အလုပ်ခိုင်းစေခြင်းမခံရအောင် လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူလေးများက သိလိုသည့်အကြောင်းအရာအချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များကိုလည်း ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း