မိုးနဲ ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာအုပ်စု လွိုင်ယူးကာကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်မျိုးသန့်ပွားမြေပဲ စိုက်ပျိုးထားရှိမှု၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုနှင့် အခြားသီးနှံများစိုက်ပျိုးထားရှိမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးထွန်းဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးတို့က လွိုင်ချိုကျေးရွာအုပ်စုအတွင်း ဆောင်ရွက်ထားရှိသော မိုးမြေပဲ၊ မျိုးသန့်ပွားစိုက်ခင်း၊ မြေပဲမျိုးစမ်းသပ်ကွက်နှင့် မိုးသီးနှံစပါး၊ အစေ့ထုတ်ပြောင်းများ ရှင်သန်ဖြစ်ထွန်းနေမှုကို ကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)