မြိတ် ဇွန် ၂၇
၂၀၂၅ ခုနှစ် ဇူလိုင်၃ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကို ဇွန်၂၇ရက် နံနက်ပိုင်းက မြိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ပညာ့ဗိမာန်ခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း ကျင်းပသည်။
စာစီစာကုံးပြိုင်ပွဲကို “ မြန်မာအမျိုးသမီးများနေ့” ခေါင်းစဉ်ဖြင့် ကျင်းပရာ မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၄၀ နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ယှဉ်ပြိုင်ကြရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဉ္ဇူဝင်းနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ခိုင်ထူး ( ပြန်/ဆက် )