စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီမြတ်ကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီး ပြုပြင်ရန်အတွက် မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဉက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးများတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမူတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဉက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။