အ.ထ.က မိုင်းနောင်ကျောင်း အသက်(၅)နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း) ဒုတိယအကြိမ်တိုက်ကျွေးခြင်းများ ဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က မိုင်းနောင်ရှိ အသက် (၅)နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း)ဒုတိယအကြိမ်တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အ.ထ.ကကျောင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များနှင့် မြို့ပေါ်(၅)ရပ်ကွက်ရှိ ကလေးငယ်များအားလုံး ပိုလီယိုရောဂါဖြစ်ပွားမှုမှ ကင်းဝေးပြီး ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်မြက်၍ အဖက်ဖက်မှ ဘက်စုံဖွံဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကာ နယ်လှည့်ကွင်းဆင်း တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းမေထားနှင့် ဆရာမများက တိုက်ကျွေးပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)