ပင်လုံမြို့တွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေတိုး

ပင်လုံ ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ရပ်ကွက် ၁၊ နယ်မြေ(၉)တွင်နေထိုင်သည့် ဦးကျော်ခင်၏ နေအိမ်ခြံဝင်းအတွင်းတွင် ဝက်မွေးမြူခြင်းဖြင့် နှစ်စဥ် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဦးကျော်ခင်၏ နေအိမ်ခြံဝင်းအတွင်းတွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူခြင်းဖြင့် စီးပွားရှာသည်မှာ (၁၃)နှစ်လောက်ရှိပြီဖြစ်ပြီး ဝက်မတစ်ကောင်လျှင် ၇ လ (သို့မဟုတ်) ၈ လလောက်မွေးလျှင် သားစပ်နိုင်ပြီဖြစ်ပြီး သားစပ်ပြီး သုံးလသုံးပတ်သုံးရက်နေရင် ဝက်သားပေါက်ပြီဖြစ်ရာ တစ်သားလျှင် ဝက်ကလေး ၁၀ ကောင်မှ ၁၂ ကောင်ထိ ပေါက်ကြောင်း၊ ဝက်သားပေါက် (၄၅)ရက်သားရောက်လျှင် ရောင်းချ၍ရကြောင်း၊ ဝက်သားပေါက်တစ်ကောင်လျှင် ယခင်က ခြောက်သောင်း/ခုနှစ်သောင်းလောက်သာစတင်ရရှိခဲ့ပြီး ယခုနှစ်တွင် သုံးသိန်းထိရလာကြောင်း ဝက်မတစ်ကောင်မွေးလျှင် သားပေါက် နှစ်ခါပေါက်၍ တစ်နှစ်လျှင် ဝက်သားပေါက်ရောင်းရငွေ သိန်းခြောက်ဆယ်လောက်ရရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေသောကြောင့် တစ်ပိုင်တစ်နိုင်ဝက်​မွေးမြူရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အိမ်ရှင် ဦးကျော်ခင်ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)