လိပ်သို ဇူလိုင် ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ မိုးရာသီကာလ၌ ဆွတ်ခူးရောင်းချရာတွင် စျေးနှုန်းကျဆင်းလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန်ကျေးရွာများမှ ကွမ်းများ အများဆုံးထွက်ရှိကြောင်း၊ နွေရာသီကာလက အရွက်ခြွေပြီး ကွမ်းကြမ်းအထုပ် (၄၀) ပါ ဒေသအခေါ် ကွမ်းအချိန် (၁၀) ကို (၅၀၀၀၀/-)ကျပ် မှ (၆၀၀၀ဝိ/-) ကျပ်အထိ စျေးရရှိခဲ့သော် လည်း ယခုမိုးရာသီကာလတွင် (၄၀၀၀ဝိ/-) ကျပ်အထိသာ စျေးရရှိနေကြောင်း ကွမ်းရွက် ရောင်းဝယ်သူတစ်ဉီးထံမှ သိရသည်။
ဒေသထွက် ကွမ်းရွက်များမှာ နွေရာသီနှင့် ဆောင်းရာသီတွင် အထွက်နှုန်းနည်း၍ စျေးကောင်းရရှိပြီး ကွမ်းရွက်အထွက်နှုန်းကောင်းသော မိုးလယ်/ မိုးနှောင်းရာသီများတွင် စျေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။
ခင်လေးနွယ်