မုံရွာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီနာယက၏လမ်းညွှန်မှုအရ တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  မုံရွာခရိုင်/မြို့နယ် အမျိုးသမီးရေးအဖွဲ့နှင့် အခြေခံပညာတို့ပူးပေါင်းပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်၊ ကုန်တင်ကုန်ချကော်မတီရုံး ဝန်ထမ်းမိသားစု ၁၁၄ ဦးအား Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (သတ္တမအကြိမ်) ထိုးနှံပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်မှုလက်အောက်ရှိ မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (သတ္တမအကြိမ်) ထိုနှံပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးခန်းမ၌ ပြုလုပ်သည်။

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးကောင်းမွန်ရေး၊ ကလေးငယ်များအား ရောဂါဘယကင်းစင်ရေးတို့အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ‘လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’ ဆောင်ပုဒ်နဲ့အညီပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားလားကျေးရွာအုပ်စုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းသည် ကော့သောင်းခရိုင်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရောက်ရှိနေသော တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်တို့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံး ယာယီဖွင့်လှစ်ထားရှိသည့် အဆောက် အဦသို့ရောက်ရှိပြီး ခရိုင်ဥပဒေရုံးနှင့်မြို့နယ်ဥပဒေရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအားတွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ စနစ်များဖြစ်သည့် ပထမရသူအနိုင်ရရှိသည့် စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စနစ် များကို ရှင်းလင်းပြောကြားခဲ့သည်။

ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့တွင် အသိပညာပေးဟောပြော‌ပွဲကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အသိပညာ‌ပေးဟောပြော‌ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၂၀) ဦး တက်ရောက်ကြသည်။ 

လဲချားမြို့နယ်တွင် အရန်သားဖွား (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အရန်သားဖွား(အခြေခံ) သင်တန်းဆင်းပွဲကို ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့ပါသည်။

စဉ့်ကိုင်မြို့နယ်၌ မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင် များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍  အ.လ.က (ထန်းသုံးပင်)‌၌  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။

ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၁ နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ပါသည်။
Subscribe to