လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေး​ခြင်းများပြုလုပ်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ အရှိန်အဟုန်မြှင့်တင်နေ့စဥ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉း၀၀)နာရီကအလယ်ရွာ မီးပွိုင့်အနီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးနှင့်အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သစ်တံခါးဆရာတော်အား  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်ဖူးမြော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန်လ(၃၀)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး သစ်တံခါးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတ (ယော) ဆရာတော်အား ကြိုဆိုဖူးမြော်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၃၀)ရက်နေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင် ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ပေါင်မြို့နယ်၌ (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများ၏ ကျောင်းနေသားသမီးများအား ပညာသင်စရိတ်ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများ၏ သားသမီးများအား ပညာသင်စရိတ်ပေးအပ်ခြင်းကို အသင်းများသို့သွားရောက်၍ ပေးအပ်ခဲ့ရာ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့်ဝန်ထမ်းများ၊ အသင်းစုဥက္ကဋ္ဌ ဦးအေးမင်းနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာအခြေခံသမဝါယမအသင်းများသို့ သွားရောက်၍ ဇွန်လ (၂၅) ရက်နေ့မှ (၃၀)ရက်နေ့အထိ ပေးအပ်ခဲ့သည်။

မြို့သစ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲနိုင်ရေး အပတ်စဉ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် "မြို့မဈေးအတွင်း ဆောင်ရွက်သည်။

လဲချားမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က (လဲချား)ခန်းမတွင် ကျင်းပခဲ့ပါသည်။

ဧရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေး

ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ယမန်နေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် အာဟာရချက်ပြုတ်ပြိုင်ပွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များကို ထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်း တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

ဇူလိုင်လလ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် အာဟာရချက်ပြုတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များ တက်ရောက်ကြသည်။
Subscribe to