ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ်ကြီး ဇူလိုင် ၁

ပုသိမ်ကြီးမြို့နယ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်ပင်သာ-ဆင်ရွာတောလမ်းအရှည် သုညဒဿမ ၆၃၅ ကီလိုမီတာရှိ ကတ္တရာလမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာလမ်းပိုင်း၌ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းထွန်းဦးတို့မှ ကွင်းဆင်းစစ်ဆေးရာ ပုသိမ်ကြီးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိုးခိုင်နှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)