မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်းတွင် မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး(၁/၂၀၂၅-၂၀၂၆) အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံစားသောက်ကုန်များများအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club  အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်သည်။

မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်မှစတင်၍ မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ စတင်ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။

ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များစုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် MLC-Medicinal Plants  စီမံကိန်း၏ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များစုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

စလင်းမြို့နယ်၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လိုင်စင်မဲ့မော်တော်ယာဥ်များ မရှိစေရေးရှောင်တခင်စစ်ဆေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဥ်များ  မရှိစေရေးရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက်(၈)နာရီ (၃၀) အချိန်က မော်တော်ယာဥ်နှင့်  မော်တော်ဆိုင်ကယ်စီးနှင်းမောင်းနှင်သူများ Quick Win အစီအမံ(၅)ရပ်အား  တိကျစွာလိုက်နာဆောင်ရွက်မှုရှိစေရန် ရှောင်တခင်စစ်ဆေးခြင်းအား ပေါင်းနားရပ်ကွက်မီးပွိုင့်လမ်းဆုံ၌  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာ အဖြစ်သင်တန်း ဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည်သူ့အားကစားကွင်း အတွင်းရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် အသိပညာပေးဟောပြောပွဲကို ယနေ့ နံ​နက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေး ရည်ရွယ်၍မြို့နယ်နိုင်ငံ့စီးပွားမြှင့် တင်ရေးကြီးကြပ်မှုကော်တီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုများ၊ ရပ်ကျေးစာရေး ဝန်ထမ်းများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြမည့် လုပ်ငန်းရှင်များ ညှိနှိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to