ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း(၂၀,၀၀၀) ပျိုးထောင်ထားရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ မာလာလူးကား ခရေ ငုရွှေဝါစသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်းသိရသည်။