ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရုရှားဘာသာဌာန Russian Language Office ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr.Iskander Azizov နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ Altai State Pedagogical University မှ ဆရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။