ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်ပြဘုတ် ပြသဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဘေး နံရံကပ်ပြဘုတ်တွင် ယနေ့မှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။