သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က ရှမ္မမြောင် ကျေးရွာအုပ်စု၊ဂွေးကုန်း ကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၊ နိဂြောဓဓမ္မာရုံ၌ ကျင်းပခဲ့သည်။