မုဒုံမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

မုဒုံ ဇူလိုင်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြင်ပြော၊ ပန်းချီပြိုင်ပွဲများနှင့် စာအုပ်စာစောင်နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ဇူလိုင် ၁ ရက်နေ့က အ..က () ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အာဇာနည်၏ အဓိပ္ပါယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည် ()ဦး၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား/သူများက ပုံပြင်ပြော၊ ကဗျာ၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အကြောင်းအရာများနှင့် ပတ်သက်သည့် နံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)