မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ  ကွင်းဆင်းကြည့်ရှု စစ်ဆေး

မိုင်းယန်း ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများတို့မှ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သတ်၍ ချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး