ပြည် ဇူလိုင် ၃
၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းစုပိုင်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်မြို့နယ် ဝန်တင်ဆိပ်ကျေးရွာ သမဝါယမစိုက်ခင်း၌ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက မိုးနှောင်းဝါသီးနှံ Raka-666(BT) မျိုးများ စတင်စိုက်ပျိုးဆောင်ရွက်သည်။
ပြည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် သမဝါယမမိုးနှောင်းဝါစီမံကိန်းစိုက်ပျိုးခြင်းကို သမဝါယမအသင်း(၇)သင်းမှ အသင်းသားတောင်သူ(၅၆၅)ဦး၏ ဝါစိုက်ဧကပေါင်း ၂၇၀၀ စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ကာ ယနေ့တွင် "ဝန်တင်ဆိပ်" စိုက်/ထွေသမဝါယမအသင်းမှ အဆိုပါ Raka-666(BT) ဝါမျိုးများ စတင်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)