ချောင်းဆုံ ဇူလိုင် ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၁၇) ရက်နေ့ နံနက်ပိုင်းက ကလော့ကျေးရွာ(အ-လ-က-ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောပြီးနောက် မြို့နယ်(အား/ကာ)ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးက ကိုယ်လက်လှုပ်ရှားအားကစားနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ စသည်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)