လက်ပံတန်းမြို့၌ အမှိုက်များကို အမျိုးအစား​လေးမျိုးခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အထက(၁) နဝဒေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ သူနာပြု-သားဖွား ဒီပလိုမာဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြုသင်တန်းကျောင်း၊ အပတ်စဥ်(၅) သူနာပြု သားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုပွဲ  အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အားကြိုဆိုဂုဏ်ပြု‌ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးကို ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်စေရန် ယနေ့နံနက် ၇ နာရီအချိန်က လပွတ္တာမြို့ နန္ဒဝန်ပျံကျ‌‌ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ရက်(စနေ)နေ့တွင်ကျရောက်မည့်(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ ညောင်ဖြူကျေးရွာအုပ်စုအတွင်းရှိ အသင်းပိုင် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြန်အောင်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံဖြိူးရေးနေ့ကိုကြိုးဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာအုပ်စုရှိ ခေတ်မီစံပြကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆန်နီချောင်ကျေးရွာအဝင် လမ်းဘေးတွင် ယနေ့နံနက်က အရိပ်ရ၊ ကြီးမြန်လေကာသစ်ပင် ၁၀၀ ကို စုပေါင်း စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

အသက် (၁၈)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၅ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း ဒေသကြီး လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ် ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကလေးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဝန်ထမ်းများ  လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to